တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အရာရာတိုင်းသည် သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာဖြစ်ပေါ်လာသည်။ မစွမ်းဆောင်နိုင်ခြင်းသည်လည်း ရေးဆွဲသတ်မှတ်ထားပြီးဖြစ်သည်။ မစွမ်းဆောင်ခြင်းဟူသည် လောကီ၊လောကုတ္တရာနှစ်ဌာနနှင့် သက်ဆိုင်သော ကိစ္စရပ်များကို တာဝန်မကျေပွန်ခြင်း၊ အချိန်ဆွဲခြင်း၊ တာဝန်ကို သတ်မှတ်ထားသည့်အချိန်ထက် နောက်ဆိုင်းခြင်း စသည်တို့ကို ဆိုလိုသည်။ ထို့အတူ စွမ်းဆောင်နိုင်ခြင်းသည်လည်း ရေးဆွဲသတ်မှတ်ထားပြီးဖြစ်သည်။စွမ်းဆောင်နိုင်ခြင်းဟူသည် လောကီ၊လောကုတ္တရာနှစ်ဌာနနှင့် သက်ဆိုင်သော ကိစ္စရပ်များကို တက်ကြွစွာဆောင်ရွက်ခြင်း၊ ကျွမ်းကျင်လိမ္မာမှုရှိခြင်း စသည်တို့ကို ဆိုလိုသည်။ အလ္လာဟ်အရှင်မြတ်သည် စွမ်းဆောင်နိုင်ခြင်း၊ မစွမ်းဆောင်နိုင်ခြင်း အပါအ၀င် အရာရာတိုင်းကို ရေးဆွဲသတ်မှတ်ထားပြီးဖြစ်သည်။ မည်သည့်ကိစ္စမဆို အလ္လာဟ်အရှင်မြတ်၏ ‘အိလ်မ်’ အသိပညာတော်နှင့် အရှင်မြတ်၏ အလိုတော်မရှိဘဲ မဖြစ်ပေါ်လာနိုင်ပေ။