တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ "မုအ်မင်န် သင်ဝင်ယုံကြည်သူ အမျိုးသား၊ အမျိုးသမီးတို့သည် ဘေးဒုက္ခများနှင့်စမ်းသပ်အမျိုးမျိုးကို အစဉ်မပြတ်ခံစားရပေသည်။ ဥပမာ မိမိတို့၏ကိုယ်ခန္ဓာတွင် နာမကျန်းဖြစ်ခြင်း၊ မိမိတို့၏သားသမီးများတွင် ဖျားနာခြင်း၊ ကွယ်လွန်ခြင်း၊ သားသမီးတို့က မိဘအမိန့်ကို မနာခံခြင်း၊ သိုမဟုတ် ပစ္စည်းဥစ္စာဆင်းရဲခြင်း၊ ကုန်ရောင်းကုန်ဝယ်ပြုရာတွင် နစ်နာဆုံးရှုးခြင်း၊ ခိုးဝှက်ခံရခြင်း၊ အသက်မွေးဝမ်းကြောင်းပြုရာ၌ကျပ်တည်းမှုကို ခံစားရခြင်း၊ ရိုဇီရိက္ခာကျပ်တည်းခြင်း စသည်တိုအား အစဉ်အမြဲခံစားကြရပေသည်။ ဤသိုဘေးဒုက္ခများခံစားရသောကြောင့် အရှင်မြတ်သည် ယင်းမုအ်မင်န်တို၏အပြစ်အကုသိုလ်အားလုံးကို ခွင့်လွှတ်လိုက်လေရာ ယင်းမုအ်မင်န်သည် ကျူးလွန်ခဲ့သည့်အပြစ်အကုသိုလ်များအားလုံးမှ သန့်ပြန့်စင်ကြယ်သွားသည့်အနေအထားဖြင့် အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခွင့်ရသွားသည်။