လူနှစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ရှေ့မှောက်တွင် တစ်ဦးကိုတစ်ဦး ဆဲရေးတိုင်းထွာကာ ရန်ဖြစ်နေကြသည်။ ထိုသူတို့အနက် တစ်ဦး၏မျက်နှာသည် (အမျက်ဒေါသကြောင့်) နီမြန်းလာပြီး လည်ပင်းသွေးပြန်ကြောများ ထောင်လာသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "ငါကိုယ်တော်သည် စကားရပ်တစ်ခုကို သိရှိတော်မူသည်။ အကယ်၍ ထိုဒေါသထွက်နေသူသည် ထိုစကားရပ်ကို ရွတ်ဆိုလိုက်လျှင် သူ၏အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟုမိန့်တော်မူပြီး "အကယ်၍ ထိုသူသည် 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ကိုသာ ရွတ်ဆိုလိုက်လျှင် သူ၏ အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ထိုအခါ လူများက ထိုသူအား "တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သင့်အား 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ဖတ်ပါလို့ ( ရှိုင်တွာန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းပါလို့ ) မိန့်ကြားတော်မူသည်" ဟု ပြောကြသည်။ ထိုသူက "ကျွန်ုပ် ရူးသွပ်နေသူလား" ဟု ပြန်လည်ပြောဆိုခဲ့သည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံခြင်းအား ရူးသွပ်နေသူသာ ပြုလုပ်သည်ဟု ထင်မှတ်နေသောကြောင့် ဖြစ်သည်။