တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လေကို မကောင်းပြောခြင်း သို့မဟုတ် ကျိန်ဆဲခြင်းမှ တားမြစ်တော်မူခဲ့သည်။ အကြောင်းမှာ လေသည် ၎င်းကို ဖန်ဆင်းတော်မူသော အရှင်၏ အမိန့်ပေးခြင်းခံရသော အရာတစ်ခုဖြစ်ပြီး ကရုဏာတော်နှင့် ပြစ်ဒဏ်၏ (လေ) နှစ်မျိုးလုံးကို သယ်ဆောင်လာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လေကို မကောင်းပြောခြင်းသည် လက်တွေ့တွင် ၎င်းကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်ကို မကောင်းပြောရာရောက်ပြီး အရှင်မြတ်၏ စီရင်ဆုံးဖြတ်ချက်အပေါ် မကျေနပ်ရာရောက်သည်။ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လေကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်သို့သာ ပြန်လည်ဦးလှည့်ကာ လေ၏ကောင်းကျိုး၊ ၎င်း၌ရှိသော ကောင်းကျိုးနှင့် မိုးရွာစေခြင်း၊ ဝတ်မှုန်ကူးခြင်းကို သယ်ဆောင်ခြင်း စသည့် လေအား စေလွှတ်ခံရသည့်အတိုင်း ဆောင်ရွက်ခြင်း၏ ကောင်းကျိုးကို တောင်းခံရန်နှင့် ၎င်း၏ ဆိုးကျိုး၊ ၎င်း၌ရှိသော ဆိုးကျိုးနှင့် အပင်များ၊ သစ်ပင်များ ဖျက်ဆီးခြင်း၊ တိရစ္ဆာန်များသေကျေပျက်စီးခြင်း၊ အဆောက်အဦများကို ပြိုလဲစေခြင်း စသည့် လေအား စေလွှတ်ခံရသည့်အတိုင်း ဆောင်ရွက်ခြင်း၏ ဆိုးကျိုးမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံရန် လမ်းညွှန်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်ထံ ဤအရာများကို တောင်းခံခြင်းသည် အလ္လာဟ်အရှင်မြတ်အတွက် ကျွန်ပီသကြောင်းကို ဖော်ပြရာရောက်သည်။