တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သုံးမျိုးသောသူတို့အား အရှက်တကွဲ၊ အကျိုးနည်းခြင်း၊ ဆုံးရှုံးခြင်းတို့ဖြင့် ၎င်းတို့၏ နှာခေါင်းများကို မြေကြီးနှင့် လူးထိနေစေရန် ကျိန်ဆဲတော်မူခဲ့သည်။ ပထမအမျိုးအစား- မိမိ၏ရှေ့မှောက်တွင် ကိုယ်တော့်အား ဖော်ပြခံရသော်လည်း ကိုယ်တော့်အပေါ် ဆွလာသ် မပို့သသူ (ဥပမာ - 'ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်' စသဖြင့် မရွတ်ဆိုသူ) ဖြစ်သည်။ ဒုတိယအမျိုးအစား- လမြတ်ရမဿွာန်ကို ကြုံကြိုက်ပါလျှက်နှင့် ကောင်းမှုကုသိုလ်ပြုလုပ်ရာတွင် လစ်ဟင်းမှုကြောင့် လမြတ်ရမဿွာန်ကုန်ဆုံးသွားသော်လည်း အပြစ်များခွင့်လွှတ်ခြင်းမခံရသူ ဖြစ်သည်။ တတိယအမျိုးအစား- မိမိ၏ မိဘနှစ်ပါးကို အိုမင်းမစွမ်း အရွယ်တွင် တွေ့ကြုံရပါလျက် ၎င်းတို့အား မနာခံမှု၊ ၎င်းတို့၏ ရပိုင်ခွင့်များကို ကျေပြွန်အောင် မဆောင်ရွက်ပေးနိုင်သည့်အတွက် ထိုမိဘနှစ်ပါးသည် ၎င်း ဂျန္နသ်သုခဘုံသို့ ဝင်ရောက်နိုင်သည့် အကြောင်းခံ မဖြစ်စေနိုင်ခဲ့သူ ဖြစ်သည်။