အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (ကဇအ်) ဆံပင်တချို့ကိုရိတ်ပြီး တချို့ကိုမရိတ်ဘဲထားခြင်းကို တားမြစ်တော်မူခဲ့သည်။ صحيح - متفق عليه
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကလေး ဦးခေါင်းရှိ ဆံပင်တချို့ကိုရိတ်ပြီး တချို့ကိုမရိတ်ဘဲ ချန်ထားခြင်းကို တားမြစ်ခဲ့တော်မူခဲ့သည်။ ဤတားမြစ်ချက်သည် လူကြီး‌၊ လူငယ်မရွေး အမျိုးသားအားလုံးနှင့်သက်ဆိုင်သည်။ အမျိုးသမီးများသည် ဆံပင်ရိတ်ခွင့်မရှိပါ။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • အစ္စလာမ့် ရှရီအဟ်တရားတော်သည် လူသား၏ အပြင်ပိုင်း ပုံပန်းသဏ္ဍာန်ကိုလည်း အလေးထားသည်။