တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မွတ်စ်လင်မ်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဓားကိုယ်စီဖြင့် ရင်ဆိုင်တိုက်ခိုက်ကြလျှင် သတ်သူသည် မိမိ၏ ပြိုင်ဘက်ကို သတ်လိုက်သည့်အတွက် ငရဲမီးသို့ ကျရောက်မည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ဆွဟာဗဟ် သာဝကများက အသတ်ခံရသူသည်မည်သည့်အတွက်ကြောင့် ဂျဟန္နမ်ကျရောက်သည်ကို နားမလည်နိုင်ဘဲ ဖြစ်နေခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ထို(အသတ်ခံရ)သူသည်လည်း သူ၏ပြိုင်ဘက်ကို သတ်ရန်ဆန္ဒရှိခဲ့သည့်အတွက် ဂျဟန္နမ်တွင်ကျရခြင်းဖြစ်သည်။ သတ်လိုက်သူက သူ့ထက် လက်ဦးသွားသည့်အတွက်ကြောင့်သာ မသတ်လိုက်ရခြင်းဖြစ်သည်။