တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အပြစ်ကျူးလွန်သူ မွတ်စ်လင်မ်များအနက် အရှက်တရားကင်းမဲ့စွာဖြင့် မိမိအပြစ်ကို ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ဖော်ပြောဆိုသူမှလွဲ၍ ကျန်အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်မှုနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိရန်မျှော်လင့်ရသည်။ ထိုသို့ ခွင့်လွှတ်ချမ်းသာပေးခြင်းနှင့် မထိုက်တန်ရခြင်းမှာ ညတွင် အပြစ်အကုသိုလ် ကျူးလွန်ခဲ့ပြီးနောက် နံနက်သို့ရောက်သည့်အခါ ၎င်းအား အလ္လာဟ်အရှင်မြတ်က သူ၏အပြစ်အား ဖုံးကွယ်ပေးထားသည်ကို ၎င်းက အခြားသူများကို မနေ့ကညက ကျွန်တော် ဒီလို ဒီလိုအပြစ်တွေ လုပ်ခဲ့ပါသည်ဟူ၍ ပြောဆိုလိုက်သည့်အတွက်ဖြစ်သည်။ တစ်ညတာလုံး ၎င်း၏အရှင်မြတ်က (သူ၏အပြစ်များကို) ဖုံးကွယ်ပေးခဲ့သည်။ နံနက်သို့ရောက်သည့်အခါ အလ္လာဟ်အရှင်မြတ်က ၎င်း(၏အပြစ်များ)အား ဖုံးကွယ်ပေးထားသည်ကို သူကိုယ်တိုင်ပင် ဖော်ထုတ်လိုက်ခြင်းကြောင့်ဖြစ်သည်။