တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဒွန်ယာလောက၌ မိမိကိုယ်မိမိ တမင်ရည်ရွယ်လျှက် သတ်သေခြင်းမှ သတိပေးတားမြစ်တော်မူခဲ့ပြီး ထိုသို့ပြုလုပ်သူသည် ကိယာမသ်နေ့တွင် ဂျဟန္နမ်ငရဲမီး၌ ဒွန်ယာလောကတွင် မိမိကိုယ်မိမိ ပြုလုပ်ခဲ့သောနည်းအတိုင်း အပြစ်ဒဏ်ခံစားရမည်ဖြစ်သည်ဟု သတိပေးတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို တောင်ထိပ်မှခုန်ချ၍ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါက ထိုသူသည် ငရဲ၌ ဂျဟန္နမ်၏တောင်များမှ ချောက်ကမ်းပါးများအထိ ထိုနည်းတူ ခုန်ချနေရလျက် ထိုငရဲ၌ထာဝရအမြဲ နေရမည်ဖြစ်သည်။ မည်သူမဆို အဆိပ်သောက်၍ မိမိကိုယ်ကို သတ်သေခဲ့လျှင်လည်း ထိုသူသည်ဂျဟန္နမ်ငရဲ၌ အဆိပ်ကိုမိမိလက်၌ ကိုင်ဆောင်လျက် အမြဲထာဝရ အဆိပ်သောက်နေရမည် ဖြစ်သည်။ ထိုနည်းတူ မည်သူမဆို သံထည်လက်နက်ဖြင့် မိမိကိုယ်ကို (ထိုး၍) သတ်သေခဲ့လျှင် ဂျဟန္နမ်ငရဲ၌ ထိုသံဓားကို မိမိလက်၌ ကိုင်ဆောင်လျက် မိမိဝမ်းဗိုက်ကို ထိုးဖောက်လျက် အမြဲထာဝရနေရလိမ့်မည် ဖြစ်သည်။