တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ရှင်းပြတော်မူသည်မှာ — မုအဇ်ဇင်န်၏ အဇာန်သံကို ကြားရပြီးနောက် ဤဒုအာအား ရွတ်ဆိုသူသည် — (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ) -အိုအလ္လာဟ်အရှင်မြတ်၊ ဤဖိတ်ခေါ်မှု၏ အရှင်- ဤသည် အဇာန်စကားလုံးများဖြစ်ပြီး၊ ၎င်းတို့ဖြင့် အလ္လာဟ်အရှင်မြတ်၏ ကိုးကွယ်မှုနှင့် ဆွလာသ်ဆီသို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။ (التَّامَّةِ) “ပြည့်စုံသော” ဆိုသည်မှာ တစ်ဆူတည်းသောအရှင်ကိုးကွယ်မှုနှင့် ရစူလ်တမန်တော်များ၏တာဝန်အကြောင်း ဖိတ်ခေါ်ခြင်းဖြစ်သည်။ (وَالصَّلاَةِ القَائِمَةِ) ထို့ပြင် “မကြာမီတည်ဆောက်အပ်သောဆွလာသ်” ဆိုသည်မှာ အမြဲတစေ ဆောက်တည်လျက်ရှိသော ဆွလာသ်ဖြစ်သည်။ (آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ) မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုနေရာသည် အရှင်မြတ်၏ တမန်တော်မြတ်မှအပ အခြားမည်သူ့အတွက်မှ သင့်လျော်ခြင်းမရှိပေ။(وَالفَضِيلَةَ) ထို့ပြင် အခြားသော ဖန်ဆင်းခံများထက် သာလွန်သောအဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ( وَابْعَثْهُ مَقَامًا مَحْمُودًا) ထို့ပြင် ၎င်း(တမန်တော်)အား မကာမေမဟ်မူးဒ်အား ချီးမြှင့်တော်မူပါ။ ၎င်း(မကာမေမဟ်မူးဒ်)သည် ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ ဖြစ်သည်။(الَّذِي وَعَدْتَهُ) အရှင်မြတ်က (မကြာမီ အသင့်အား အသင့်အရှင်သည် ချီးကျူးထိုက်သောအဆင့်သို့ ရောက်ရှိစေတော်မူလိမ့်မည်)ဟု မိန့်ကြားခဲ့သည့် ထိုကတိတော်ကို အတည်ပြုပေးသနားတော်မူပါ။ မည်သူမဆို ဤဒုအာအား ရွတ်ဆိုပါက ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ရှဖာအသ်(ကြားဝင်အသနားခံပေးမှု)ကို ရထိုက်သူ ဖြစ်လာမည်ဖြစ်ပြီး၊ ထိုသူအတွက် တမန်တော်မြတ်၏ ရှဖာအသ်သည် ဝါဂျိဗ်ဖြစ်သွားလေသည်။