တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ မည်သူမဆို အကြွေးတင်နေသူအား နောက်ဆိုင်းပေးမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးမည်ဆိုပါက ထိုသူ့အားဆုလာဘ်အနေဖြင့် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်က ၎င်းအား မိမိပလ္လင်တော်၏အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့၌ နေမင်းသည် ကျေးကျွန်များ၏ဦးခေါင်းများနှင့် နီးကပ်စွာရှိနေပြီး ၎င်းတို့အပေါ်အပူရှိန် အလွန်ပြင်းထန်မည်ဖြစ်သည်။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ် အရိပ်ပေးတော်မူသောသူမှအပ မည်သူမျှ မည်သည့်အရိပ်ကိုမျှ ရရှိမည်မဟုတ်ပေ။