အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကိယာမသ်နေ့၌ လူသားတို့ကြားတွင် ပထမဦးဆုံး တရားစီရင်ဆုံးဖြစ်မည့်ကိစ္စမှာ လူသတ်မှုဖြစ်သည်။ صحيح - متفق عليه
explain-icon

ရှင်းလင်းချက်

ကိယာမသ် ရှင်ပြန်ထမည့်နေ့၌ လူအချို့က အချို့အား မတရားကျူးလွန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ပထမဦးဆုံး တရားစီရင်မည့်ကိစ္စရပ်မှာ လူသတ်မှု၊ ဒဏ်ရာအနာတရဖြစ်စေမှုကဲ့သို့ သွေးထွက်သံယိုကိစ္စရပ်များဖြစ်သည်ဟု တမန်တော်မြတ်ကြီး (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • လူသတ်မှုသည် ကြီးကျယ်သည့် ကိစ္စရပ်ဖြစ်သည့်အတွက် စာရင်းစစ်ဆေးခြင်းကို အရေးကြီးဆုံးကိစ္စဖြင့် စတင်ခြင်းဖြစ်သည်။
  • ၂။ ထိခိုက်ဆုံးရှုံးမှု ကြီးမားသည်နှင့်အမျှ အပြစ်လည်း ကြီးမားသွားသည်။ အပြစ်ကင်းသော အသက်တစ်ချောင်းကို သတ်ဖြတ်ခြင်းသည် အလ္လာဟ်အရှင်မြတ်အား ‘ကုဖ်ရ်’ သွေဖည်ငြင်းပယ်ခြင်း၊ ‘ရှိရ်က်’ တုဖက်နှိုင်းယှဉ်ခြင်း၏ နောက်တွင် အခြားအပြစ်အကုသိုလ်များ အားလုံးထက် အကြီးဆုံးဖြစ်သည်။
explain-icon

ထပ်၍