တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကိယာမသ်နေ့၌ မည်သည့်လူသားမဆို အောက်ပါအချက်များနှင့်ပတ်သက်၍ မေးမြန်းခြင်းမခံရသေးသမျှ စာရင်းစစ်ဆးသည့်နေရာကို ကျော်လွန်၍ ဂျန္နသ်သုခဘုံသို့ဖြစ်စေ သို့မဟုတ် ဂျဟန္နမ်ငရဲဘုံသို့ဖြစ်စေ သွားနိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့မှာ- (၁) မိမိ၏သက်တမ်းအား မည်သို့ကုန်ဆုံးခဲ့သနည်း။ (၂) မိမိ၏အိလ်မ် အသိပညာအား အလ္လာဟ်အရှင်မြတ်အတွက် ရှာဖွေဆည်းပူးခဲ့ပါသလား။ အိလ်မ်ပညာအပေါ် လိုက်နာကျင့်သုံးခဲ့ပါသလား။ ထိုက်တန်သူတို့အား ပြန်လည်ပို့ချခဲ့ပါသလား။ (၃) မိမိဥစ္စာပစ္စည်းအား မည်သည့်နေရာမှ ရှာဖွေခဲ့ပါသနည်း။ ဟလာလ်ရှာဖွေခဲ့သလော သို့မဟုတ် ဟရာမ်ရှာဖွေခဲ့သလော ထိုပစ္စည်းများအား မည်သို့သုံးစွဲခဲ့ပါသနည်း။ အလ္လာဟ်အရှင်မြတ် နှစ်သက်သည့် နေရာများတွင် သုံးစွဲခဲ့သလော သို့မဟုတ် အလ္လာဟ်အရှင်မြတ် မနှစ်သက်သည့် နေရာများတွင် သုံးစွဲခဲ့သလော။ (၄) မိမိ၏ခန္ဓာကိုယ်၊ အင်အား၊ ကျန်းမာမှုနှင့် ပျိုရွယ်မှုတို့ကို မည်သည့်နေရာတွင် သုံးစွဲခဲ့ပါသနည်း။