တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်များအပေါ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးပြုမှုနှင့် ကာဖိရ်များအပေါ် အလ္လာဟ်အရှင်မြတ်၏ တရားမျှတမှုတို့ကို ရှင်းပြတော်မူခဲ့သည်။ မုအ်မင်န်တစ်ဦးပြုလုပ်ခဲ့သည့် ကောင်းမှုများ၏ အကျိုးကုသိုလ်သည် ယုတ်လျော့မသွားပေ။ ထို့ပြင် ၎င်း၏နာခံမှုကြောင့် ကောင်းမှုများ၏ အကျိုးကို လောက၌လည်း ချီးမြှင့်ခံရသလို နောင်တမလွန်ဘဝတွင်လည်း သိမ်းဆည်းထားသော အကျိုးကုသိုလ်အဖြစ် ရှိနေမည်ဖြစ်သည်။ နောင်တမလွန်ဘဝတွင် ထိုကောင်းမှုများ၏အစားကို ၎င်းအတွက် ပြည့်ပြည့်ဝဝ ထိန်းသိမ်းထားမည်ဖြစ်သည်။ ကာဖိရ် သွေဖည်ငြင်းပယ်သူနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သည် ၎င်းဆောင်ရွက်ခဲ့သည့် ကောင်းမှုများ၏အစား လောကီအကျိုးများကို ပေးတော်မူမည်ဖြစ်ပြီး နောင်တမလွန်ဘဝသို့ ရောက်သည့်အခါ ၎င်းအတွက် အစားပြန်လည်ရရှိရန် မည်သည့်ကောင်းမှုမျှ ကျန်ရှိတော့မည်မဟုတ်ပေ။အဘယ့်ကြောင့်ဆိုသော် ကောင်းမှုကုသိုလ်သည် နှစ်ဘ၀စလုံးတွင် အကျိုးပေးရန် ကောင်းမှုပြုလုပ်သူသည် မုအ်မင်န်ဖြစ်ရန်လိုအပ်သည်။