တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိမိ၏တပည့်သားစွဟာဗဟ်များအား မေးမြန်းတော်မူခဲ့သည်- သင်တို့၏ အမလ်များအနက် အရာခပ်သိမ်းကို စိုးပိုင်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အမြတ်ဆုံး၊ အမြင့်မြတ်ဆုံး၊ တိုးပွါးမှုအရှိဆုံး၊ အစင်ကြယ်ဆုံးနှင့် အသန့်ရှင်းဆုံးဖြစ်သည့် ထို့ပြင် ဂျန္နတ်သုခဘုံရှိ အသင်တို့၏ နေထိုင်ရာများတွင် အမြင့်မြတ်ဆုံးသော အဆင့်အတန်းလည်း ဖြစ်သည့် ရွှေငွေများ လှူဒါန်းခြင်းထက်လည်း အသင်တို့အတွက် ပိုမိုကောင်းမြတ်သည့် ကာဖိရ်များနှင့် တွေ့ဆုံ၍ သင်တို့က သူတို့၏လည်ပင်းများကို ခုတ်လှဲပြီး သူတို့က သင်တို့၏လည်ပင်းများကို ခုတ်လှဲကြသည့် (ဂျီဟာဒ် ပြုခြင်း) ထက်လည်း အသင်တို့အတွက် ပိုမိုကောင်းမြတ်သည့် အမလ်ကို ငါကိုယ်တော် သင်တို့အား ပြောပြ၊ သင်ကြားပေးရမည်လား။ စွဟာဗဟ်များက "ဟုတ်ကဲ့၊ ကျွန်တော်မျိုးတို့ လိုလားပါသည်" ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- "အချိန်တိုင်းနှင့် အခြေအနေအားလုံးတွင် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း" ဖြစ်သည်။