တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုတွင်ထိုင်မည်။ ထို့နောက် ထိုမဂ်ျလိစ်မှ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမပြုဘဲ ထသွားခဲ့လျှင် ၎င်းတို့သည် ပုပ်သိုးနေသော၊ အနံ့ဆိုးထွက်နေသော မြည်းအသေကောင်တစ်ကောင်အနားတွင် စုဝေးနေရာမှ ထလာသူများကဲ့သို့ပင် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမှ မေ့လျော့ပြီး အခြားစကားများဖြင့် အချိန်ကုန်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့သော မဂ်ျလိစ် ( ထိုင်ဝိုင်း ) သည် ကိယာမတ်နေ့တွင် ၎င်းတို့အတွက် ဝမ်းနည်းခြင်း ၊ ဆုံးရှုံးခြင်း၊ ရှက်ရွံ့နောင်တရခြင်း၏ အကြောင်းအရင်းတစ်ရပ် ဖြစ်ပေမည်။