စက်ဆုပ်ဖွယ်ရာများကို ပြောဆိုခြင်း၊ မကောင်းသည့် လုပ်ရပ်ကို လုပ်ဆောင်ခြင်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရား မဟုတ်ပေ။ ကိုယ်တော်သည် ထိုကိစ္စများကို မရည်ရွယ်ဘဲ ပြုလုပ်ခဲ့ခြင်းမရှိသလို တမင်ပြုလုပ်ခဲ့ခြင်းလည်းမရှိပေ။ ထို့ပြင် ကိုယ်တော်သည် ကြီးကျယ်လှသည့် အကျင့်စာရိတ္တပိုင်ရှင်ဖြစ်တော်မူသည်။ ကိုယ်တော်က မိန့်ကြားလေ့ရှိသည်မှာ ဧကန်အမှန်ပင် အသင်တို့အနက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကောင်းဆုံးသူမှာ ကောင်းကျိုးဆောင်ရွက်ခြင်း၊ ပြုံးရွှင်ချိုသာသောမျက်နှာရှိခြင်း၊ ကောင်းမွန်ချိုသာစွာ စကားပြောခြင်း၊ ဘေးဒုက္ခများကို ကာကွယ်ပေးခြင်၊ လူတို့နှင့် ကောင်းစွာဆက်ဆံခြင်းစသည့် အရည်အချင်းများနှင့် ပြည့်စုံသူ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။