အလီဗင်န် အဗီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ သူသည် ‘မဇီ’အလွန်ထွက်သူဖြစ်သည်။ (‘မဇီ’ဟူသည် ရာဂစိတ်ဖြစ်ပေါ်လာချိန် သို့မဟုတ် လိင်မဆက်ဆံမီ လိင်အင်္ဂါမှ ထွက်လာသော စေးကပ်သော အရည်ကြည်တစ်မျိုး ဖြစ်သည်။) သူသည် ‘မဇီ’ထွက်သောအခါ မည်သို့ပြုရမည်ကို မသိခဲ့ပါ။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏သမီးတော် ဖာသွိမဟ် (ရဿွိယလ္လာဟုအန်ဟာ)၏ ခင်ပွန်းဖြစ်သောကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အားမေးမြန်းရန်လည်း ရှက်မိသည်။ ထို့ကြောင့် ဤကိစ္စကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးမြန်းပေးရန် မိက္ကဒါဒ် ဗင်န် အတ်စ်ဝဒ်အား တောင်းဆိုခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိက္ကဒါဒ်အား ဖြေ ကြားသည်မှာ ထိုသူသည် မိမိ၏ အရှက်အင်္ဂါအား ဆေးကြောရမည်။ ပြီးနောက် ဝုဿွူပြုလုပ်ရမည်။