တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပေါ့၊ အလေးစွန့်လိုသူအား ကအ်ဗဟ်ကျောင်းတော်ရှိရာ ကိဗ်လာဘက်သို့ မျက်နှာမူခြင်း ကျောခိုင်းခြင်း မပြုရန် တားမြစ်တော်မူခဲ့သည်။ အကယ်၍ အကြင်သူ၏ကိဗ်လာသည် မဒီနာမြို့သားများ၏ ကိဗ်လာနှင့်အတူတူပင်ဖြစ်ပါက အရှေ့အရပ် သို့မဟုတ် အနောက်အရပ်သို့ လှည့်၍စွန့်ရမည်ဖြစ်သည်။ ထို့နောက် အဗူအိုင်ယူဗ် အန်ဆွာရီ(ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်မှာ ၎င်းတို့သည် ရှာမ်ဒေသသို့ ရောက်သည့်အခါ အပေါ့၊အလေးစွန့်ရန်အတွက် အိမ်သာများကို ကအ်ဗဟ်ကျောင်းတော်ဘက်သို့ လှည့်၍ ဆောက်လုပ်ထားသည်ကို တွေ့ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ခန္ဓာကိုယ်ကို ကိဗ်လာဘက်မှ တိမ်းစာင်းကာ အိမ်သာတက်ခဲ့ကြပြီး ထို့သို့ သွားခဲ့သည့်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံခဲ့ကြသည်။