အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ အသင်တို့သည် ကျင်ငယ်ရေ(ပေကျံခြင်း) မှ ရှောင်ကြဉ်ကြပါ။ ကဗရ်၌ အဇာဗ်ပေးခြင်းခံရသည့် (အကြောင်းအရင်းများအနက်) အများစုသည် ဤကိစ္စကြောင့်ဖြစ်သည်။ ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အဒ်ဒါရုကုသ်နီ ဆင့်ပြန်ခဲ့သည်။
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤဩဝါဒတော်တွင် ကဗရ်၌ အဇာဗ်ပေးခြင်းခံရသည့် အကြောင်းခံများအနက် အဖြစ်အများဆုံး ကိစ္စတစ်ခုကို ကျွန်တော်တို့အား ရှင်းပြခဲ့သည်။ ၎င်းမှာ ဆီးစက်များမှ သန့်ရှင်းမှုမပြုခြင်း၊ ဆီးစက်များပေကျံနေခြင်းဖြစ်သည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • ခန္ဓာကိုယ်နှင့် အဝတ်အစားတွင် ဆီးစက်များ ပေကျံခြင်း မရှိစေရန်ဝေးစွာ ရှောင်ကြဉ်ရမည်။
  • အညစ်အကြေးများ လူးပေနေခြင်းမျိုး မဖြစ်စေရန်အတွက် ဆီးစက်များပေကျံခဲ့ပါက ချက်ချင်းဆေးကြော သန့်စင်လိုက်ခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ဆွလာသ် ဆောက်တည်မည်ဆိုပါက ယင်းအား သန့်ရှင်းအောင်ပြုလုပ်ခြင်းသည် အရေးကြီးတာဝန်ပင်ဖြစ်သည်။
  • ကျင်ငယ်ရေသည် (နဂျာစသ်) အညစ်အကြေးဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်၊ အဝတ်အစား၊ နေရာတစ်ခုခုတွင် ထိသွားပါက ထိုအရာကို မသန့်ဖြစ်စေသည်။ ၎င်းရှိနေလျှင် ဆွလာသ်ဆောက်တည်ခြင်း မပိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အညစ်အကြေးများမှ သန့်ရှင်းစင်ကြယ်ခြင်းသည် ဆွလာသ်၏(ဖရ်ဿ်ွ) စည်းကမ်းချက်များအနက်မှတစ်ခုဖြစ်သည်။
  • ဆီးစက်များမှ သေချာသန့်ရှင်းအောင် မပြုခြင်းသည် ပြစ်မှုကြီးများထဲတွင် ပါဝင်သည်။
  • ကဗရ်အဇာဗ်ရှိကြောင်း အတည်ပြုတင်ပြထားသည်။ ကုရ်အာန်ကျမ်းမြတ်၊ ဟဒီးဆ်တော် နှင့် (အိဂ်ျမာအ်) သာသနာ့ပညာရှင်များ အားလုံး တစ်စုတစ်စည်းတည်း ဆုံးဖြတ်ချက်အရ ကဗရ်အဇာဗ် ရှိကြောင်း အတည်ဖြစ်သည်။
  • နောင်တမလွန် အာခိရသ်တွင် အစားပြန်လည်ရရှိခြင်းကို အတည်ပြုတင်ပြထားသည်။ အာခိရသ်၏ စခန်းများအနက် ကဗရ်သင်္ချိုင်းသည် ပထမဦးဆုံးစခန်းပင်ဖြစ်သည်။ ကဗရ်သင်္ချိုင်းသည် ဂျန္နသ်သုခဘုံ၏ ဥယျာဉ်များအနက်မှ ဥယျာဉ်တစ်ခု ဖြစ်နိုင်သလို၊ ဂျဟန္နမ် ငရဲဘုံ၏ မီးတွင်းများအနက်မှ မီးတွင်းတစ်ခုလည်း ဖြစ်နိုင်သည်။
explain-icon

ထပ်၍