တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အာဒါဗ် စည်းကမ်းအချို့ကို ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ အမျိုးသားများသည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ကိုင်တွယ်ခြင်းမပြုရန်တားမြစ်ထားသည်။ အရှေ့၊အနောက် ဒွါရနှစ်ခုမှ အညစ်အကြေးများကို ညာဘက်လက်ဖြင့် ဆေးကြောသန့်စင်ခြင်း မပြုရန် တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော ညာဘက်ကို မွန်မြတ်သော ကိစ္စများအတွက် သတ်မှတ်ထားသည့်အတွက်ဖြစ်သည်။ ထိုနည်းတူ လူတစ်ဦးသည် မိမိသောက်နေသော ရေခွက်အတွင်းသို့ အသက်ရှုထုတ်ခြင်းကိုလည်း တားမြစ်ထားသည်။