အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့အနက် မည်သူမဆို စားသည့်အခါ ညာလက်ဖြင့်စားပါ၊ သောက်သည့်အခါ ညာလက်ဖြင့် သောက်ပါ။ အဘယ်ကြောင့်ဆိုသော် ဧကန်အမှန်ပင် ရှိုင်သွာန်မိစ္ဆာသည် ဘယ်လက်ဖြင့်စား၍ ဘယ်လက်ဖြင့်သောက်သည်။ صحيح - رواه مسلم