ဆွဟာဗဟ်သာဝကအချို့က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့ကြသည်။ ၎င်းတို့က ("အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်) ကျွန်တော်မျိုးတို့သည် စားသောက်ပါသော်လည်း ဝမ်းဗိုက်တင်းတိမ်မှုကို မရရှိပါ။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းတို့အား မိန့်ကြားတော်မူသည်မှာ- တမန်တော်မြတ်က - သင်တို့သည် စားသောအခါ တကွဲတပြားစီ ဖြစ်ကာ၊ တစ်ဦးချင်းစီ စားသောက်ကြသလော မိန့်တော်မူရာ သူတို့က "ဟုတ်ပါသည်" ဟု ဖြေကြားကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- သို့ဖြစ်လျှင် သင်တို့သည် တကွဲတပြားစီမဖြစ်ဘဲ စုပေါင်း၍ စားသောက်ကြလော့။ စားသောက်ရာတွင် "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏) ဟု ရွတ်ဆိုကြလော့။ ထိုသို့ပြုလျှင် သင်တို့အတွက် ထိုအစားအစာတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာချီးမြှင့်ခြင်းခံရမည် ဖြစ်ပြီး ဗိုက်ဝခြင်း (တင်းတိမ်မှု) ရရှိပေမည်။