တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော် အုမ္မုစလမဟ်(ရဿွိယလ္လာဟုအန်ဟာ)ဘက်မှပါလာသော သားတော်ဖြစ်သူ အုမရ်ဗင်န် အဗူစလမဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ပြောပြခဲ့သည်။ သူသည် ကိုယ်တော်၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် နေထိုင်ခဲ့သူဖြစ်သည်။ သူသည် ထမင်းစားနေစဉ် အစားအစာယူရန်အတွက် ဘေးနားရှိ အခြားပန်းကန်များကိုလည်း လက်ဖြင့် လှမ်းနှိုက်လေ့ရှိသည်။ ထိုကြောင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ့အား အစားအသောက် စားခြင်းဆိုင်ရာ စည်းကမ်းချက်များအနက် သုံးချက်ကို သင်ကြားပေးတော်မူခဲ့သည်။ (၁) စားသည့်အခါ အစတွင် ‘ဗိစ်မိလ္လာဟ်’ ဆိုခြင်း၊ (၂) ညာလက်ဖြင့်စားခြင်း၊ (၃) မိမိအနီးတွင်ရှိသော အစားအသောက်ကိုစားခြင်း တို့ဖြစ်သည်။