တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ မိမိကိုယ်တိုင်နှင့် အခြားသူများအား ထိခိုက်နစ်နာမှု အမျိုးမျိုးမှ ကာကွယ်ရန် အရေးကြီးသည်။ မည်သူမဆို မိမိကိုယ်မိမိ သို့မဟုတ် အခြားသူများကို ထိခိုက်နစ်နာအောင်ပြုခွင့်မရှိပေ။ ထို့ကြောင့် မည်သူ့ကိုမျှ ထိခိုက်နစ်နာမှုကို ထိခိုက်နစ်နာမှုဖြင့်လက်တုံ့ပြန်ရန် ခွင့်မပြုထားပေ။ အဘယ်ကြောင့်ဆိုသော် ထိခိုက်နစ်နာမှုအား ထိခိုက်နစ်နာမှုဖြင့် မဖယ်ရှားနိုင်ပေ။ သို့သော် လွန်ကျူးခြင်းမရှိဘဲ တရားသဖြင့် အစားပြန်ယူခြင်းကို ခွင့်ပြုထားသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့အား ထိခိုက်နစ်နာအောင်ပြုသူသည် ထိခိုက်နစ်နာမှု ခံစားရမည်ဖြစ်ကြောင်းနှင့် လူတို့အား ခက်ခဲဒုက္ခရောက်အောင်ပြုသူသည် ခက်ခဲဒုက္ခရောက်မည်ဖြစ်ကြောင်း သတိပေးတော်မူခဲ့သည်။