အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကယ်၍ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဝမ်းဗိုက်ထဲ၌ တစ်စုံတစ်ရာခံစားရပြီး လေလည်လိုက်ခြင်းရှိ၊ မရှိ သံသယဖြစ်ပါက အသံမကြားသ၍ သို့မဟုတ် အနံ့မရသ၍ ဗလီဝတ်ကျောင်းတော်မှ လုံးဝမထွက်သွားရပေ။ صحيح - رواه مسلم
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ အကယ်၍ ဆွလာသ်ဝတ်ပြုနေသူတစ်ဦးသည် ဝမ်းဗိုက်ထဲ၌(လေများ)မွှေနှောက်နေပြီး တစ်စုံတစ်ရာ ထွက်သွားခြင်း ရှိ၊ မရှိ သံသယဖြစ်ခဲ့လျှင် ထိုသူသည် ဆွလာသ်ကိုဖျက်ပြီး ဝုဿွူပြုရန်အတွက် မိမိဆွလာသ်ဝတ်ပြုသည့်နေရာမှ မထွက်သွားရပေ။ လေထွက်သည့် အသံကိုကြားခြင်း သို့မဟုတ် အနံ့ရခြင်းစသည်ဖြင့် ဝုဿွူပျက်ကြောင်း သေချာသိမှသာ ထွက်သွားရမည်။ အဘယ်ကြောင့်ဆိုသော် သေချာခိုင်မာသည့် အရာတစ်ခုကို သံသယက မပယ်ဖျက်နိုင်ပေ။ ၎င်းသည် ဝုဿွူပြုထားသည်မှာ သေချာခိုင်မာပြီး လေလည်ခြင်းသည် သံသယသာဖြစ်သည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • ဤဟဒီးဆ်တော်သည် အစ္စလာမ်သာသနာ၏ အခြေခံစည်းမျဥ်းများအနက်မှ စည်းမျဉ်းတစ်ခုဖြစ်ပြီး ဖိက်ဟ်တရားဥပဒေ၏ ဥပဒေသများအနက်မှ ဥပဒေသတစ်ခုဖြစ်သည်။ ယင်းဥပဒေသမှာ ‘သေချာမှုသည် သံသယကြောင့် မပျက်နိုင်ပါ။’ မူလအခြေအနေတစ်ခုသည် ၎င်းပြောင်းလဲသွားကြောင်း သေချာမှု မရှိသေးမျှ ယခင်အခြေအနေတိုင်းသာ ရှိနေမည်ဖြစ်သည်။
  • သံသယစိတ်သည် ဝုဿွူကို မထိခိုက်စေပါ။ ၎င်းပြင် ဆွလာသ်ဝတ်ပြုသူသည် ဝုဿွူပျက်သွားကြောင်း မသေချာမချင်း ၎င်း၏ဝုဿွူသည် ရှိနေမည်ဖြစ်သည်။