တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ဟဂ်ျပြုရာတွင် ကာမဂုဏ်ကျူးလွန်ခြင်း၊ ကာမဂုဏ်ကိုဖြစ်စေသော နမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်း၊ ညစ်ညမ်းသောစကားပြောဆိုခြင်းတို့ကို မပြုလုပ်ခဲ့လျှင်၊ ထို့အတူ အိဟ်ရာမ်ပြုစဉ် တားမြစ်ထားသည့်အချက်များကို ဖောက်ဖျက်ခြင်း၊ အပြစ်အကုသိုလ်ကျူးလွန်ခြင်း မရှိခဲ့ပါက ကလေးတစ်ဦးမွေးဖွားလာသည့်အခါ အပြစ်ကင်းစင်သကဲ့သို့ အပြစ်များမှကင်းစင်ကာ ဟဂ်ျမှပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။