တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟဂ်ျဂျသုလ်ဝဒအ်မှ ပြန်လာသည့်အခါ ဟဂ်ျမပြုလုပ်ခဲ့သည့် အန်ဆွာရီအမျိုးသမီးတစ်ဦးအား ကျွန်ုပ်တို့နှင့်အတူ ဟဂ်ျပြုရန် အသင်မကို အဘယ်အရာက တားဆီးခဲ့ပါသနည်းဟု မေးမြန်းတော်မူခဲ့သည်။ သူမက အကြောင်းပြချက်တင်ပြသည်မှာ သူမတို့တွင် ကုလားအုတ်နှစ်ကောင်သာရှိသည်။ သူမ၏ခင်ပွန်းနှင့် သားမှာ ကုလားအုတ်တစ်ကောင်ဖြင့် ဟဂ်ျပြုလုပ်ခဲ့ပြီး ကျန်တစ်ကောင်အား ရေတွင်းမှ ရေသယ်ရန်အတွက် ထားခဲ့သည်။ ထို့ကြောင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမအား ရမဿွာန်လတွင် အွမ္မရဟ် ပြုလုပ်ခြင်း၏ အကျိုးကုသိုလ်သည် ဟဂ်ျပြုလုပ်ခြင်း၏ အကျိုးကုသိုလ်နှင့် ညီမျှကြောင်း မိန့်ကြားတော်မူခဲ့သည်။