၁။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဟဂ်ျနှင့် အွမ်ရဟ် ပြုလုပ်ခြင်းကို ဆက်တိုက်ပြုလုပ်ရန် တိုက်တွန်းထားပြီး၊ တတ်စွမ်းနိုင်ပါက ၎င်းတို့ကို (တစ်ခုနှင့်တစ်ခုကြား) ပြတ်တောက်စေခြင်းမပြုဘဲ ဆက်တိုက်ပြုလုပ်ရန် သွန်သင်ထား သည်။ အကြောင်းမှာ ယင်းတို့ကို ဆက် တိုက်ပြုလုပ်ခြင်းသည် ဆင်းရဲမွဲတေမှုနှင့် အပြစ်များကို ဖယ်ရှားပေးကာ စိတ်နှလုံးအပေါ် ၎င်းတို့၏ သက်ရောက်မှုကို ပယ်ဖျောက်ပေးသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ငရဲမီးသည် သံချေးနှင့် သံတွင်ပါဝင်သော အခြားသတ္တုအညစ်အ ကြေးများကို ဖယ် ရှားပေးသကဲ့သို့ ဖြစ်သည်။