ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ဂျိဟာဒ်ပြုခြင်း၊ ရန်သူများနှင့် တိုက်ခိုက်ခြင်းကို အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်ဟု သိထားကြသည်။ သို့ဖြစ်၍ အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အမျိုးသမီးများ ဂျီဟာဒ်ပြုသင့်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမတို့ဆောင်ရွက်နိုင်သည့် အကောင်းဆုံးဂျိဟာဒ်မှာ ပြစားခြင်းနှင့် အပြစ်အကုသိုလ်ကင်းကာ ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နသ်တော်နှင့် ကိုက်ညီသည့် အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူသည့် ဟဂ်ျပင်ဖြစ်သည်ဟု ညွှန်ကြားပြသတော်မူခဲ့သည်။