အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဤအာယတ်တော်နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်မှာ အလ္လာဟ်အရှင်မြတ် ဖော်ပြထားသော ထိုကိုးကွယ်ရာများသည် (နူးဟ် (အလိုင်ဟိစ္စလာမ်)က မိမိ၏ အွမ္မသ်နောက်လိုက်သားများအား ထိုရုပ်တုများကို အလ္လာဟ်အရှင်မြတ်နှင့် ဖက်စပ်ကိုးကွယ်ခြင်းမှ တားမြစ်ပြီးနောက်တွင်လည်း ယင်းနောက်လိုက်သားများသည် ထိုရုပ်တုများကို စဥ်ဆက်မပျက် ကိုးကွယ်ကြရန် အချင်းချင်း မှာကြားကြသည်။) အမှန်တကယ်တွင် ၎င်းတို့အနက်မှ သူတော်စင်များ၏ အမည်နာမများသာ ဖြစ်ကြသည်။ ၎င်းတို့သည် ရှိုင်သွာန်၏လှည့်စားမှုကြောင့် ထိုသူတော်စင်များအား အကြည်ညို လွန်ကဲ၍ ၎င်းတို့၏ ပုံစံဖြင့် ရုပ်ပုံများပြုလုပ်လာကြသည်။ ဤရုပ်ပုံများသည် အလ္လာဟ်အရှင်မြတ်မှအပ ကိုးကွယ်ခြင်းခံရသော ရုပ်တုများအဆင့်သို့ ရောက်ရှိသွားသည်။