တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အုဗိုင်းယ္ယုဗ်နုကအ်ဗ်အား ကုရ်အာန်ကျမ်းတော်မြတ်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်ကြောင်း မေးမြန်းတော်မူခဲ့သည်။ ၎င်းက အဖြေပေးရန်တုံ့ဆိုင်းနေခဲ့သည်။ ထို့နောက်(ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားလိုက်သည်။ ထိုအခါ ကိုယ်တော်သည် ၎င်းကိုထောက်ခံခဲ့ပြီး သူ၏အသိပညာနှင့် ဉာဏ်အမြော်အမြင် ပြည့်စုံမှုကို ညွှန်ပြသည့်အနေဖြင့် သူ၏ရင်ဘတ်ကို ပုတ်တော်မူခဲ့သည်။ ထို့ပြင် ဤအသိပညာကိုအကြောင်းပြု၍ မင်္ဂလာရှိစေရန်နှင့် အကျိုးဖြစ်ထွန်းစေရန်အတွက် ဆုတောင်းပေးတော်မူခဲ့သည်။