အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ လူနှစ်ဦးအကြောင်း ဖော်ပြခဲ့ကြသည်။ တစ်ဦးမှာ အီဗာဒသ်တရားအားထုတ်သူ ဖြစ်၍ အခြားတစ်ဦးမှာ အာလင်မ်သာသနာ့ပညာရှင်ဖြစ်ပြီး၊ ထိုနှစ်ဦးအနက် မည်သူက သာလွန်မြင့်မြတ်သနည်းဟု လျှောက်ထားမေးမြန်းခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- (ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ -) သာသနာ့ပညာရပ်များကို နားလည်တတ်ကျွမ်းပြီး ယင်းအား လက်တွေ့လိုက်နာကျင့်သုံးကာ အခြားသူများကို သင်ကြားပေးသူသည် မိမိအတွက် မရှိမဖြစ်လိုအပ်သော အခြေခံပညာရပ်များကိုသာ သိရှိထားပြီး ဝိညာဉ်ရေးရာ အားထုတ်မှုတွင်သာ အချိန်ပြည့်မြှုပ်နှံထားသော ပုဂ္ဂိုလ်ထက် သာလွန်မြင့်မြတ်၏။ ထိုသို့သာလွန်မြင့်မြတ်မှုသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဂုဏ်သိက္ခာက အနိမ့်ဆုံး ဆွဟာဗီသာဝကတစ်ပါးထက် သာလွန်မြင့်မြတ်သကဲ့သို့ပင် ဖြစ်၏။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က (ထိုသို့သာလွန်မြင့်မြတ်ရသည့်)အကြောင်း ရင်းကို ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်၏ အရ်ရှ်ပလ္လင်တော်ကို ထမ်းထားသော မလာအိကဟ်ကောင်းကင် တမန်များ၊ မိုးကောင်းကင်ရှိ အခြားမလာအိကဟ်ကောင်းကင်တမန်များအားလုံး၊ မြေကြီးပေါ်ရှိ လူသားနှင့်ဂျင်န်၊ သတ္တဝါအားလုံးနှင့် မြေကြီးအထဲ၌ရှိသော ပုရွက်ဆိတ်များမှစ၍၊ ပင်လယ်ရှိငါးသတ္တဝါအထိ၊ ကုန်းနေ ရေနေ သတ္တဝါအဆုံး၊ ၎င်းတို့အားလုံးသည် လူသားများအား ၎င်းတို့အတွက် လွှတ်မြောက်ခြင်းနှင့် အောင်မြင်မှုများပါဝင်သည့် သာသနာ့အသိပညာရပ်များကို သင်ကြားပေးသူအတွက် ကောင်းချီးမင်္ဂလာရရန် ဒုအာတောင်းပေးကြလေသည်။