တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ပတ်သက်၍ ပြောပြတော်မူခဲ့သည်။ မွတ်စ်လင်မ်တစ်ဦးသည် ကျန်းမာသန်စွမ်းပြီး မိမိဒေသ၌ရှိနေစဉ် အမလ်ကောင်းမှုများ ပြုလုပ်လေ့ရှိပါက ထိုသူနာမကျန်းဖြစ်သည့်အခါ သို့မဟုတ် ခရီးထွက်သည့်အတွက် မအားလပ်သည့်အခါ သို့မဟုတ် အခြားအကြောင်းတစ်စုံတစ်ရာကြောင့် ထိုအမလ်ကောင်းမှုများကို မဆောင်ရွက်နိုင်သည့်အခါ ထိုသူကျန်းမာသန်စွမ်းပြီး မိမိဒေသ၌ရှိနေချိန်တွင် အမလ်ကောင်းမှုများ ကျင့်ဆောင်ခဲ့သည့်အတိုင်း အကျိုးကုသိုလ် အပြည့်အဝ ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။