တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းတင်ပြတော်မူသည်မှာ စင်စစ် အစ္စလာမ်သာသနာတော်၏အရေးကိစ္စအားလုံးသည် လွယ်ကူမှုကို အခြေခံထားသည်။ မတတ်စွမ်းနိုင်သည့်အခါမျိုးနှင့်လိုအပ်ချက်ရှိလာသည့်အခါမျိုးတွင် ပို၍လွယ်ကူမှုပေးထားသည်။ သာသနာ့အလုပ်ထဲ၌နစ်မြုပ်နေခြင်း၊ နူးညံ့မှုကိုစွန့်ပယ်ခြင်းတို့၏နောက်ဆုံးရလဒ်မှာ ဆက်မလုပ်နိုင်တော့ခြင်း၊ သာသနာ့အလုပ်၏တစ်စိတ်တစ်ဒေသမှဖြစ်စေ၊သို့မဟုတ် အားလုံးမှဖြစ်စေ ပြတ်တောက်သွားခြင်းတို့ဖြစ်သည်။ တဖန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လွန်ကျူးမှုမရှိဘဲ အလယ်အလတ်ကိုသာကျင့်သုံးရန် တိုက်တွန်းထားသည်။ ထို့ကြောင့် လူသားသည်အလ္လာဟ်အရှင်မြတ်က အမိန့်ပေးထားသည့်အရာ၌ပေါ့လျော့မှုမရှိစေရ။ မနိုင်သည့်ဝန်ကိုလည်း မထမ်းရ။ ခဝပ်ကိုးကွယ်မှု၌အပြည်ဝဆုံးကို ပြုကျင့်နိုင်ရန် မတတ်စွမ်းနိုင်ပါက အနီးစပ်ဆုံးကို ကျင့်ဆောင်ရမည်။ ၎င်းနောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပြည့်ဝဆုံးကို ပြုကျင့်ရန်မတတ်စွမ်းနိုင်သူဖြစ်ပါက နည်းပါးသော်လည်း စွဲမြဲစွာပြုကျင့်သော ကောင်းမှုအား ကြီးကျယ်လှသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်ကြောင်း သတင်းကောင်းပါးထားပေသည်။ ဤသည် မတတ်စွမ်းနိုင်ခြင်းကို မိမိကိုယ်တိုင်လုပ်ယူထားခြင်းမဟုတ်ပါက မိမိရရှိမည့်ကုသိုလ်မှ ကုသိုလ်လျော့နည်းသွားမည် မဟုတ်ဘဲအပြည့်အဝသာရရှိပေမည်။ လောကီ၏စစ်မှန်သည့်သဘောတရားမှာ အာခိရသ်နောင်တမလွန်ဘဝဘက်သို့ကူးပြောင်းရန် အစီးအနင်းနှင့် ခရီးသည်တို့၏ယာယီဌာနဖြစ်ပေသည်။ ထို့ကြောင့် တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တက်ကြွလန်းဆန်းသောအချိန်သုံးချိန်၌အိဗာဒသ်အရှင်မြတ်အားခဝပ်ကိုးကွယ်မှုကို စွဲမြဲစွာပြုကျင့်ခြင်းဖြင့် အရှင်မြတ်ထံအကူညီတောင်းခံရန် အမိန့်ပေးထားသည်။ အချိန်သုံးချိန်မှာ - ၁။ မနက်ခင်းအချိန်။ ။ဖဂ်ျရ်အချိန်မှနေထွက်ချိန်ထိ ၂။ ညနေခင်း။ ။နေမွန်းတည့်ပြီးချိန် ၃။ ည၏နောက်ဆုံးပိုင်းအချိန်။ ။ညတစ်ညလုံးဖြစ်စေ သို့မဟုတ် ည၏အချို့သောအချိန်။ နေ့ပိုင်း၌အိဗာဒသ်ပြုလုပ်ခြင်းထက် ညပိုင်းတွင်အိဗာဒသ်ပြုလုပ်ခြင်းသည် ပို၍ခက်ခဲသောကြောင့် ကိုယ်တော်မြတ်က ည၏နောက်ဆုံးပိုင်းအချိန်မှ အချိန်တစ်ချိန်၌အိဗာဒသ်ပြုရန်အမိန့်ပေးခဲ့သည်။