အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကရှင်းလင်း မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့မှာ (၁) “စွဗ်ဟာနလ္လာဟ်” အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသည်။ (၂) “အလ်ဟမ်ဒုလိလ္လာဟ်”ချစ်ခင်မှု ဂုဏ်ပေးလေးစားမှုနှင့်တကွအရှင်မြတ်၏ ပြည့်စုံလှသော ဂုဏ်တော်များဖြင့် အရှင်မြတ်အား ဂုဏ်ပေးချီးမွမ်းခြင်းဖြစ်သည်။ (၃) “လာအိလာဟ အိလ္လလ္လာဟ်” အလ္လာအရှင်မြတ်မှအပ စစ်မှန်သည့် ခဝပ်ကိုးကွယ်ရာအရှင်မရှိ။ (၄) “အလ္လာဟု အက္ကဗရ်” အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းထက် အကြီးကျယ်ဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံး ဖြစ်တော်မူသည်။ ဤဇိက်ရ်တော်၏ မွန်မြတ်မှုနှင့် အကျိုးကုသိုလ် ရရှိရန်အတွက် ဖတ်ရွတ်သည့်အခါ အစဉ်လိုက်ဖတ်ရန် အရေးမကြီးပေ။