တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းရှင်၊ ကိုးကွယ်ခံထိုက်တော်မူသောအရှင်၊ ပြုစုပျိုးထောင်တော်မူသောအရှင်၊ အရာခပ်သိမ်းကို ပိုင်စိုင်တော်မူသောအရှင်၊ အစိုးရတော်မူသောအရှင်၊ ပြုပြင်ပြောင်းလဲတော်မူသောအရှင်အဖြစ်လည်း ကောင်း၊ အစ္စလာမ်သာသနာ၏ ပညတ်ချက်များဖြစ်သည့် အမိန့်တော်များနှင့် တားမြစ်ချက်များကို ဘာသာတရားနှင့် ရှရီအသ်လမ်းစဥ်၊ ယုံကြည်ချက်အဖြစ်လည်း ကောင်း၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို ၎င်းအား စေလွှတ်တော်မူခဲ့သော အရာများနှင့် ကျွန်ုပ်တို့ထံ ပို့ဆောင်ပေးခဲ့သော အရာအားလုံးအတွက် ရစူလ်တမန်တော်၊ နဗီတမန်တော်အဖြစ်လည်းကောင်း ကျွန်တော်မျိုး ကျေနပ်နှစ်သက်လက်ခံပါပြီ) ဟု ရွတ်ဆိုခဲ့လျှင် ထိုသူအတွက် ဂျန္နတ်သုခဘုံ ဝင်ခွင့် သေချာသွားပေသည်။