တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစ္စလာမ်)က “အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုကလိမဟ်တော်၏ အဓိပ္ပါယ်မှာ - အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိ ဟူ၍ ဖြစ်သည်။ ထို့အတူ “အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည် လှပပြည့်စုံသည့် ဂုဏ်တော်အပါင်းကို ပိုင်ဆိုင်တော်မူသော၊ ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သာလျှင် နိအ်မသ် စည်းစိမ်များကို ချီးမြှင့်တော်မူသောအရှင်ဖြစ်ကြောင်း ဝန်ခံပြောကြားခြင်းဖြစ်သည်။