နုအ်မားန် ဗင်န် ဗရှီးရ် (ရဿွိယလ္လာဟု အန်ဟုမာ) က ဆင့်ပြန်ခဲ့သည်မှာ- သူ၏မိခင် အမ်ရဟ် ဗင်န်သေ ရဝါးဟဟ် (ရဿွိယလ္လာဟု အန်ဟာ)သည် မိမိ (နုအ်မားန်)၏ဖခင်ထံမှ သူမ၏သားအတွက် မိမိဥစ္စာပစ္စည်းတစ်စိတ်တစ်ဒေသကို လက်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ ထိုအခါ ဖခင်ဖြစ်သူက ဝန်လေးကာ တစ်နှစ်တိုင်တိုင် ဆိုင်းငံ့ထားခဲ့သည်။ ထို့နောက် သူမ၏ တောင်းဆိုမှုကို လက်ခံပြီး မိမိ၏သားဖြစ်သူ နုအ်မားန်အား လက်ဆောင်အဖြစ် ပေးအပ်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုအခါ သူမ(နုအ်မားန်း၏ မိခင်)က - ‘အသင် ကျွန်မ ၏သားအား လက်ဆောင်အဖြစ်ပေးသော ဥစ္စာ ပစ္စည်းအပေါ် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား သက်သေမထားသရွေ့ကျွန်မကျေနပ်မည်မဟုတ်’ဟု ပြောဆိုခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်၏ဖခင်သည် ကျွန်ုပ်၏လက်ကိုဆွဲကိုင်၍(ထိုအချိန်က ကျွန်ုပ်သည် ကလေးအရွယ်သာရှိသေးသည်) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ သွားရောက်ခဲ့သည်။ ထို့နောက် ၎င်းက- အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်- ဤကလေး၏မိခင် ဗင်န်သေရဝါးဟဟ်က သူမကလေးအား ကျွန်တော်မျိုး လက်ဆောင်အဖြစ်ပေးအပ်သော အရာအပေါ် ကျွန်တော်မျိုးသည် ကိုယ်တော့်အား သက်သေအဖြစ်ထားစေလိုပါသည်' ဟု လျှောက်တင်လေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်- အို- ဗရှီးရ်၊ ဤကလေးမှအပ သင့်တွင် အခြားသားသမီးများရှိပါသလား။ ၎င်းက "ရှိပါသည်" ဟု ဖြေကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သူတို့အားလုံးကို ဤကလေးအား ပေးသကဲ့သို့ လက်ဆောင်ပေးခဲ့ပါသလား" ဟု မေးမြန်းတော်မူရာ ၎င်းက "မပေးခဲ့ပါ" ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''သို့ဆိုလျှင် ငါကိုယ်တော်အား သက်သေအဖြစ်မထားလေနှင့်။ အဘယ်ကြောင့်ဆိုသော် ငါကိုယ်တော်သည် မတရားမှုအပေါ် သက်သေခံခြင်းမပြုပေ။ ဆွဟီးဟ်မွတ်စ်လင်မ်ကျမ်းတွင် လာရှိသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်းအား အပြစ်တင်ဟန့်တားသောအနေဖြင့် ''သို့သော် ဤမတရားမှုအတွက် ငါကိုယ်တော်မှတစ်ပါး အခြားတစ်ဦးဦးကို သက်သေထားလော့'' ဟုမိန့်ကြားတော်မူလေသည်။