တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လူတို့အား ဟဒီးစ်မိန့်ကြားရာတွင် အလွန်ကြီးကျယ်သော အကျိုးကျေးဇူးနှစ်ရပ်ကို ရှင်းလင်းတင်ပြတော်မူခဲ့သည်။ မည်သူမဆို စွန္နသ်နည်းလမ်းအတိုင်း အပြည့်အဝ ကောင်းမွန်ကျနစွာ ဝူဿွူပြုလုပ်မည်၊ ဆေးကြောရမည့်အစိတ်အပိုင်းတိုင်းအား ကောင်းစွာ ဆေးကြောပြီးနောက် (အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း ကျွန် တော်မျိုးသက်သေခံအပ်ပါသည်။ ထို့ပြင် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်း ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။) ဟု ရွတ်ဆိုလျှင် ဂျန္နသ်သုခဘုံ၏ တံခါးရှစ်ခုလုံး သူ့အတွက် ဖွင့်လှစ်ပေးခြင်းခံရမည်။ ထိုသူသည် မိမိအလိုရှိရာ တံခါးမှ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ၂။ မည်သူမဆို ဤကဲ့သို့ပင် ပြည့်စုံကောင်းမွန်သောဝူဿွူပြုလုပ်မည်။ ထို့နောက် စိတ်စင်ကြယ်စွာ၊ ခယရိုကျိုးစွာဖြင့်၊ ထို့ပြင် မိမိ၏ မျက်နာနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးဖြင့် အလ္လာဟ်အရှင်မြတ်အား ရိုကျိုးကိုင်းညွတ်ခြင်းဖြင့် ဆွလာသ်နှစ်ရကအသ် ဝတ်ပြုဆောက်တည်လျှင် ထိုသူ့အတွက် ဂျန္နတ်သုခဘုံသည် ထိုက်တန်သွားလေသည်။