တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျနာဗသ် ရေချိုးရန်တာဝန်ထိုက်သည့်ခန္ဓာကိုယ်မသန့်ဖြစ်သွားပါက တစ်“ဆွာအ်”မှစတင်ပြီး ငါး“မွဒ်”ခန့်ရှိသောရေပမာဏနှင့် ရေချိုးတော်မူလေ့ရှိသည်။ တစ်“မွဒ်”ခန့်ရှိသော ရေပမာဏနှင့်ဝုဿူပြုတော်မူလေ့ရှိသည်။ တစ်“ဆွာအ်”တွင် လေး“မွဒ်” ရှိပြီး “မွဒ်”ဟူသည် အလယ်အလတ်ရှိသည့် လက်ခုပ်တစ်ခုစာ အပြည့်ရှိသော ပမာဏဖြစ်သည်။