အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အစွန်းရောက်သူများ ပျက်စီးပါစေဟု သုံးကြိမ်တိုင်တိုင် မိန့်တော်မူခဲ့သည်။ صحيح - رواه مسلم
explain-icon

ရှင်းလင်းချက်

အသိပညာနှင့် လမ်းမှန်တရားပေါ်တွင်မရှိဘဲ အစွန်းရောက်သူများသည် ၎င်းတို့၏ စကားများ၊ လုပ်ရပ်များ၊ လောကီရေး၊ သာသနာရေးကိစ္စတို့တွင်ပျက်ဆီးဆုံးရှုံးမည်ဖြစ်ကြောင်းနှင့် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ယူဆောင်လာသော ရှရီအဟ်တရားတော်၏ ကန့်သတ်ချက်များကို ချိုးဖေါက်သူများသည်လည်း ပျက်ဆီးဆုံးရှုံးမည်ဖြစ်ကြောင်းကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူခဲ့သည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • မည်သည့်ကိစ္စတွင်မဆို အစွန်းရောက်ခြင်း၊ အတိုင်းထက်အလွန်ပြုခြင်းတို့ကို တားမြစ်ထားပြီး ကိစ္စတိုင်းတွင် ထိုလုပ်ရပ်မျိုးမှ ရှောင်ကြဥ်ရန် တိုက်တွန်းနှိုးဆော်ထားသည်။ အထူးသဖြင့် ခဝပ်ကိုးကွယ်မှုများနှင့် သူတော်စင် သူတော်ကောင်းတို့အား ကြည်ညိုရာတွင် အစွန်းရောက်ခြင်းမှ ရှောင်ကြဉ်ရမည်။
  • ခဝပ်ကိုးကွယ်မှုတွင်ဖြစ်‌စေ၊ အခြားကဏ္ဍများတွင်ဖြစ်စေ ‌ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ခြင်းသည် ချီးမွမ်းထိုက်သည့် ကိစ္စဖြစ်သည်။ ထိုသို့ပြည့်စုံမှုသည် ရှရိအဟ်တရားတော်နှင့် ကိုက်ညီမှသာ ရရှိနိုင်မည်ဖြစ်သည်။
  • အရေးကြီးသော ကိစ္စရပ်အား တိကျသေချာအောင်ပြုခြင်းသည် (မွတ်စ်သဟဗ်) ကောင်းမွန်သည့်လုပ်ရပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အထက်ပါစကားအား သုံးကြိမ်မိန့်ကြားတော်မူခဲ့သည်။
  • အစ္စလာမ်သည် လွယ်ကူသော သာသနာဖြစ်ကြောင်း ဖော်ပြထားသည်။
explain-icon

ထပ်၍