အကြင်သူသည် မိမိ၏ စိတ်နှလုံးသားနှင့်ဖြစ်စေ သို့မဟုတ် လုပ်ရပ်နှင့်ဖြစ်စေ သို့မဟုတ် နှစ်ခုစလုံးနှင့်ဖြစ်စေ တစ်စုံတစ်ရာထံမှ ကောင်းကျိုးများရရှိရန် သို့မဟုတ် ဒုက္ခများကို ဖယ်ရှားပေးရန် အတွက် မျှော်လင့်ချက်ထားခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား သူမျှော်လင့်ချက်ထားခဲ့သည့် အရာဘက်သို့ အပ်နှင်းတော်မူမည်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အဆက်အသွယ်ထားရှိခဲ့သော် အရှင်မြတ်သည် ထိုသူ့အဖို့ လုံလောက်တော်မူပြီး အခက်အခဲတိုင်းကို လွယ်ကူစေတော်မူမည်ဖြစ်သည်။ ထို့အတူ မည်သူမဆို အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် အဆက်အသွယ်ထားခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့ အပ်နှင်းတော်မူလိုက်ပြီး ကူညီစောင်မတော်မူခြင်းမပြုဘဲ စွန့်ပစ်ထားတော်မူမည်ဖြစ်သည်။