စုဟိုင်လ်ဗင်န်ဟနီးဖ်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် အသက်ပေးခွင့်ရရန် တောင်းဆိုခဲ့ပါက ထိုသူသည် မိမိအိပ်ရာပေါ်တွင် ကွယ်လွန်သွားပါကလည်း အရှင်မြတ်သည် ထိုသူ့အား ရှုဟဒါအ် သာသနာ့အာဇာနည်များ၏အဆင့်အတန်းသို ပိုပေးမည်ဖြစ်သည်။ صحيح - رواه مسلم
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကျေနပ်ဖိုရန် သီးသန့်ရည်ရွယ်၍အရှင်မြတ်၏လမ်းတွင် အသက်ပေးခွင့်ရရန်တောင်းဆိုခဲ့ပါက ထိုသူသည် ဂျိဟာဒ်တွင်မပါဝင်ဘဲ မိမိအိပ်ရာပေါ်တွင် ကွယ်လွန်သွားပါကလည်း အရှင်မြတ်သည် ထိုသူ၏စစ်မှန်သည့် ရည်စူးချက်ကြောင့် ထိုသူ့အား ရှုဟဒါအ် သာသနာ့အာဇာနည်များ၏အဆင့်အတန်းသို ပိုပေးမည်ဖြစ်သည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • စစ်မှန်သည့် ရည်စူးချက်နှင့်တကွ မိမိတတ်စွမ်းနိုင်သည့်အရာကို ပြုလုပ်ခြင်းသည် မိမိကိုယ်‌တိုင်မလုပ်‌ဆောင်ခဲ့သော်လည်း မိမိလိုလားနေသည့် ကောင်းမှု၏အကျိုးကုသိုလ်ကို ရရှိနိုင်မည့်အကြောင်းခံဖြစ်သည်။
  • ဂျိဟာဒ်သက်စွန့်ကြိုးပမ်းရန် နှင့် အလ္လာဟ်အရှင်မြတ်လမ်းတော်တွင် သာသနာ့အာဇာနည်အဖြစ် အသက်ပေးခွင့်ရရန်တောင်းခံဖို တိုက်တွန်းထားသည်။
  • အမလ်ကျင့်ဆောင်မှုအနည်းငယ်ဖြင့် ဂျန္နသ် သုခဘုံ၌အမြင့်မားဆုံး‌သော အဆင့်အတန်းများကို ချီးမြှင့်ထားခြင်းသည် အလ္လာဟ်အရှင်မြတ်က ဤအွမ္မသ်အား ရက်ရောစွာ‌ ပေးကမ်းခြင်းပင်ဖြစ်သည်။
explain-icon

ထပ်၍