အဗူအဘတ်စ် အဗ်ဒုရ်ရဟ်မားန် ဗင်န် ဟျဗ်ရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဗန္ဒဟ်ကျေးကျွန်တစ်ဦး၏ ခြေနှစ်ဖက်သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် ဖုန်ပေကျံခဲ့လျှင် ဂျဟန္နမ်ငရဲမီးသည် ၎င်းအား ထိတွေ့နိုင်မည် မဟုတ် တော့ချေ။" صحيح - رواه البخاري