တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်သူ (ဂါဇီ) တစ်ဦးအား ၎င်း၏ခရီးစဉ်အတွက် လိုအပ်သော လက်နက်၊ အစီးအနင်း၊ အစားအစာ၊ ခရီးစရိတ်စသည့် အခြေခံလိုအပ်ချက်များကို ပြင်ဆင်ပေးပါက၊ ထိုသူသည်လည်း (ဂါဇီ)၏အဆင့်ကိုရရှိကာ၊ (ဂါဇီ)တစ်ဦးရရှိမည့် အကျိုးကုသိုလ်အား ရရှိမည်။ မည်သူမဆို ဂါဇီ (အလ္လာဟ်အရှင်မြတ်၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်သူ) တစ်ဦး၏ မိသားစုအား သူမရှိသောကာလတွင် ကောင်းစွာစောင့်ရှောက်ပြီး သူ၏ကိုယ်စားရပ်တည်ပေးပါက ဤသို့စောင့်ရှောက်ပေးသူသည်လည်း ဂါဇီ(အလ္လာဟ်အရှင်မြတ်၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်သူ)၏ကုသိုလ်ကို ရရှိပေမည်။