တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ဖြစ်သည့်အရာကို အခြားသူအတွက် သုံးစွဲမည်။ ဥပမာ- အလ္လာဟ်အရှင်မြတ်အပြင် အခြားတစ်ဦးတစ်ယောက်ထံ ဒုအာဆုတောင်းမည်။ အရှင်မြတ်အပြင် အခြားတစ်ဦးတစ်ယောက်ထံ၌ ဒုက္ခများမှ ကယ်တင်ရန် အကူအညီတောင်းမည်။ ၎င်းနောက် ထိုအခြေအနေပေါ်၌ပင် သေဆုံးသွားပါက ထိုသူသည် ဂျဟန္နမ်ငရဲဘုံသားများအနက်မှပင်ဖြစ်သည်။ ထို့နောက် အစ်ဗ်နု မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ထပ်လောင်း ပြောကြားသည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ သေဆုံးခဲ့ပါက ၎င်း၏ပြန်လှည့်ရာ နေရာဌာနမှာ ဂျန္နသ်သုခဘုံပင် ဖြစ်သည်။