တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်သူ၊ ကျမ်းလာအတိုင်း အမလ်ကျင့်ဆောင်သူ၊ ကုရ်အာန်ကျမ်းမြတ်ကို အမြဲတစေဖတ်ရွတ်ပြီး အာဂုံဆောင်သူသည် ဂျန္နသ်သို့ဝင်ရောက်သည့်အခါ ဤသို့ပြောကြားခြင်းခံရမည်ဖြစ်သည်။ အသင်ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ပါ၊ ဂျန္နသ်၏အဆင့်များသို့တက်ပါ အသင်လောက၌ ရှိစဥ်အခါက ဖြည်းညင်းတည်ငြိမ်စွာဖြင့် ဌာန်ကရိုဏ်းကျစွာဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။ အသင်၏ အဆင့်အတန်းသည် တစ်အာယသ်ပြီးတိုင်း အဆင့်တစ်ဆင့်တက်သွားပြီး သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ အဆင့်အတန်းရရှိမည်ဖြစ်သည်။