တမန်တော်မြတ် (ဆွလ္လလ္လာအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်− ကျမ်းမြတ်ကုရ်အာန်ကို ရွတ်ဖတ်သူ၊ ယင်းအား ကောင်းစွာကျက်မှတ်ထားသူ၊ခိုင်ခိုင်မာမာ အလွတ်ရထားသူ၊ ကျွမ်းကျင်စွာ ရွတ်ဖတ်တတ်သူသည် အာခိရသ်နောင်မလွန်တွင် ၎င်း၏အဆင့်အတန်းမှာ ဂုဏ်ရှိပြီးမြင့်မြတ်သော ၊ မှတ်တမ်းတင်ရေးမှတ်သော ကောင်းကင်တမန်တော်များနှင့်အတူရှိမည့် အကျိုးကို ရရှိမည်။ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်သူဖြစ်သော်လည်း ကျက်မှတ်နိုင်မှု အားနည်း၍ ထစ်ထစ်ငေါ့ငေါ့၊ တုံ့တုံ့ဆိုင်းဆိုင်းခက်ခဲစွာ ရွတ်ဖတ်ရသော်လည်း၊ ယင်းကို အမြဲရွတ်ဖတ်လေ့ရှိပြီး၊ မိမိအပေါ် ဒုက္ခအခက်ခဲရှိသော်လည်း စိတ်ရှည်သည်းခံကာ ဖတ်ရွတ်သူအတွက်မူ အကျိုးဆုလဒ်နှစ်ဆ ရှိမည်။ (ပထမအကျိုးဆုလဒ်မှာ) ကုရ်အာန်ဖတ်ရွတ်ခြင်း၏အကျိုးဖြစ်ပြီး (ဒုတိယအကျိုးဆုလဒ်မှာ) ခက်ခဲပင်ပန်းမှုနှင့် တုံ့ဆိုင်းစွာ ဖတ်ရွတ်ခြင်း၏အကျိုးဖြစ်သည်။