ပုဂ္ဂိုလ်တစ်ဦးက အလ္လာဟ်အရှင်မြတ်လည်း ချစ်ခင်နှစ်သက်တော်မူပြီ၊ လူသားတို့ကလည်း ချစ်ခင်နှစ်သက်စေမည့် အမလ်ကျင့်ရပ်တစ်ခုကို ညွှန်ကြားပြသတော်မူရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းအား ဤသို့ မိန့်ကြားတော်မူခဲ့သည်။ "အသင်သည်ဤ လောကီ၏ ပိုလျှံသော ဥစ္စာပစ္စည်းများနှင့် နောင်တမလွန်ဘဝတွင် အသင့်အား အကျိုးမပေးသော အရာများကို စွန့်လွှတ်မည်၊ ထို့ပြင် အသင်၏ ဒီန်(သာသနာ)အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အရာများကိုလည်း စွန့်လွှတ်မည်ဆိုပါက အလ္လာဟ်အရှင်မြတ်က အသင့်အား ချစ်ခင်နှစ်သက်တော်မူပေမည်။ ထို့ပြင် အသင်သည် လူတို့၏ လက်ဝယ်ရှိ လောကီစည်းစိမ်ဥစ္စာများအပေါ် မက်မောတပ်မက်စိတ်ထားပါက လူတို့သည် အသင့်အား ချစ်ခင်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်လူသားတို့သည် မိမိတို့၏ ပင်ကိုယ်သဘာဝအလျောက် လောကီစည်းစိမ်များကို ချစ်မြတ်နိုးကြ၏။ သို့ဖြစ်၍ မည်သူမဆို ထိုစည်းစိမ်ဥစ္စာများအတွက် ၎င်းတို့နှင့် ယှဉ်ပြိုင်လျှင် ၎င်းတို့က ထိုသူ့အား မုန်းတီးကြလိမ့်မည်။ သို့ရာတွင် မည်သူမဆို ထိုစည်းစိမ်ဥစ္စာများကို ၎င်းတို့အတွက် စွန့်လွှတ်ပေးလျှင် ၎င်းတို့က ထိုသူ့အား ချစ်ခင်ကြလိမ့်မည်။